ဆား ဟာ မြန်မာ့ဟင်းလျာမှာ မပါမဖြစ်တဲ့ ဟင်းချက်ပစ္စည်းတစ်ခုဖြစ်တာမို့ ဆားရဲ့အရေးပါပုံကို မြန်မာအိမ်ရှင်မများ ကောင်းကောင်းနားလည်သဘောပေါက်ကြပါတယ်။ တစ်ချိန်က မြန်မာနိုင်ငံလို ဆီကို ရေချိုး၊ ဆေးရိုးမီးလှုံ စပါးတောင်လိုပုံတဲ့ နိုင်ငံတစ်နိုင်ငံမှာ ဆီလျှောက်ရှာ၊ ဆန်လျှောက်ဝယ် ဆားထိုင်ထုခဲ့ရတဲ့ "မဆလခေတ်" ကို ဖြတ်သန်းခဲ့ဖူးသူ မှန်သမျှ "မရှိမဖြစ်ဆား" ရဲ့ တန်ဖိုးကို ကောင်းကောင်းနားလည် ကြမှာပါ။