Annotation
အက်ဆေးဆရာတစ်ယောက်သည် စိတ်ဝင်စားစရာ လူတစ်ယောက်ဖြစ်ပါသည်။ ထူးချွန်သော၊ စိတ်ဝင်စားဖွယ်ကောင်းသော၊ သက်ရှင်လှုပ်ရှားသော လူတော်တော်များများကို ကျွန်တော်တို့ တွေ့ချင်မှ တွေ့ပါလိမ့်မည်။ သို့ရာတွင် အက်ဆေးထဲတွင်မူကား ထိုသို့သောလူများကို ကျွန်တော်တို့ တွေ့ရတတ်ပါသည်။ သူတို့၏ထက်သန်သော စိတ်စေတနာ၊ သူတို့၏ နှစ်သက်ဖွယ်စကားလုံး သုံးနှုန်းမှုကိုကြည့်၍ လူ့ဘဝတွင် ကျွန်တော်တို့ထင်သည်ထက် ရစရာ၊ ယူစရာတွေ အပုံကြီးရှိပါတကားဟု သဘောပေါက်လာရပါသည်။