Annotation
ဝတ္ထူတိုသည် ကျွန်တော်တပ်မက်တန်ဖိုးထားသော အနုပညာပုံစံတစ်ရပ်ဖြစ်သည်။ အိုဟင်နရီနှင့် ချက်ကော့ဗ်အလွန်ခေတ်၌ပင် ဝတ္ထုတို၏ ယုတ္တိဗေဒနှင့် ရသဟောင်းများ ကုန်ဆုံး၍သွားသည်။ မော်ဒန်ဝတ္ထုတိုများ၏ လတ်ဆတ်အသစ်ဖြစ်မှုနှင့် ပို့စ်မော်ဒန်ဝတ္ထုတိုများ၏ အကန့်အသတ်မဲ့မှုများသည် ခေတ်ပြိုင်စာပေတော်လှန်ရေး၏ ဝိသေသလက္ခဏာများဖြစ်၍လာသည်။