Annotation
ဘဝအဆက်ဆက်' အိပ်မက်မှာသာ' 'ခြေလှမ်းကလေးယိုင်တိုင်း' စသည့်ဝတ္ထုတွေက surrealism ခေါ် သဘာဝလွန်အရေးအသားမျိုး ရေးဖူးချင်သည့် ပိုးထနေခိုက်က ရေးဖြစ်ခဲ့တာပါ။ 'ဝိုးတဝါး အတွေးစ' တွေပါ။ အဲဒါတွေကို ဘာကြောင့် ရေးချင်ခဲ့ရသည့်ဆိုသည့် အကြေင်းရင်း ကျွန်တော့်ရင်ထဲမှာ ရှင်းရှင်းလင်းလင်းရှိပါသည်။ စာဖတ်သူကိုတော့ ရှင်းရှင်းလင်းလင်း တမင်မပြောပြဘဲ ဝိုးတဝါးလုပ်ခဲ့မိပါသည်။ အဲသည်ဝတ္ထုတွေပါနေ၍ သည်ဝတ္ထုတိုပေါင်းချုပ်ကို 'ဝိုးတဝါး အတွေးစများ' ဟု နာမည်ပေးဖြစ်ခဲ့တာပါ။