ဘိုးဘပိုင်မြေများနှင့် လယ်ယာမြေဥပဒေဆိုင်ရာ ပြဿနာများ
Code
WH-048
ISBN
_
Title
ဘိုးဘပိုင်မြေများနှင့် လယ်ယာမြေဥပဒေဆိုင်ရာ ပြဿနာများ
Category
Law
Price
5,000 MMK
Publisher
Wisdom House

Annotation

၂၀၁၂ လယ်ယာမြေ ဥပဒေ၊ ၂၀၁၂ မြေလွတ်မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေး ဥပဒေကို ပေါ်ထွက်လာပြီးနောက် မြေယာပြဿနာများ ပိုမိုရှုပ်ထွေးလာသည်ကို တွေ့ရသည်။ လယ်ယာမြေဥပဒေ၏ မပြည့်စုံမှု၊ ပြဌာန်းချက်အချို့သည် တောင်သူတို့၏ သဘောသဘာဝနှင့် လိုက်လျောညီထွေမဖြစ်မှု၊ ဗဟိုအဆင့်မှ လိုအပ်သော ညွန်ကြားချက်များ ထုတ်ပြန်ရှင်းလင်းမပေးနုင်မှု၊ လယ်/စီအဖွဲ့အဆင့်ဆင့်၏ အားနည်းမှုစသည်တို့ကြောင့် လယ်ယာမြေဥပဒေကို ကိုယ်တွက်ကျင့်သုံးရာတွင်လည်းကောင်း၊ လယ်ယာမြေပြဿနာများ ဖြေရှင်းရာတွင်လည်းကောင်း၊ အခက်အခဲများရှိနေသည်ကို မြင်တွေ့နေရပါသည်။ ယခုစာအုပ်တွင်ပါဝင်သော ဆောင်းပါးအများစုသည် လယ်ယာမြေဥပဒေ၏ အားနည်းချို့ယွင်းမှုများ၊ ယင်းကြောင့်ဖြစ်ပေါ်နေသော ပြဿနာများကို ဦးတည်ဆွေးနွေးတင်ပြထားပါသည်။ တောင်သူလယ်သမားများအတွက် အထောက်အကူပြုနိုင်စွမ်း နည်းပါးနေသည့်အပြင် ဝန်ထုပ်ဝန်ပိုးများပါဝင်နေသော၊ မြေယာစီမံခန့်ခွဲနိုင်ရေးအတွက် အားနည်းချက်များပါရှိနေသော ၂၀၁၂ လယ်ယာမြေဥပဒေကို ခေတ်စနစ်နှင့် လိုက်လျောညီထွေရှိပြီး တစ်နိုင်ငံလုံးရှိ တောင်သူလယ်သမားများ၏ လယ်ယာမြေလုပ်ခွင့် အခွင့်အရေးများအတွက် အပြည့်အဝအာမခံပေးနိုင်သည့်ဥပဒေအဖြစ် ပြင်ဆင်နိုင်ရေး ထည့်သွင်းစဉ်းစားသင့်သည့်အချက်များကို စာရေးသူရှုမြင့်သည့် ရှုထောင့်မှ မီးမောင်းထိုး တင်ပြထားခြင်းဖြစ်ပါသည်။

Keywords

Total View - 63

Related Books