Annotation
၁၉၄၉ ခုနှစ်သည် တိုင်းပြည်၏ ကံကြမ္မာကို ဆုံးဖြတ်သော နှစ်ဟုဆိုလျှင်လည်း မှန်သည်။ အယောင်ဆောင်များကို အရောင်အသွေး ဖော်ထုတ်လိုက်သလို အရေခြုံများကို အရေခွံများ ခွာလိုက်သည်ဆိုလျှင်လည်း ဟုတ်တယ်။ တိုင်းပြည်အပေါ် မည်သူတွေ သစ္စာရှိသည်။ မည်သူတွေ ဖောက်ပြန်သည်။ အရေးကြုံသောအခါ မည်သူတွေ တိမ်းရှောင်နေသည်ကို ဖော်ထုတ်ရာတွင် ရောက်သည်။