Annotation
အက်တလီအစိုးရအဖို့ တောင်တန်းခေါင်းဆောင်များ အချင်းချင်း ရှမ်းပြည် တစ်နေရာရာမှာဖြစ်စေ တွေ့ဆုံကြပြီး တိုင်ပင်ညှိနှိုင်းကြစေလိုသည်။ အများသဘောတူသောအချက်ကို အင်္ဂလိပ်က လက်ခံပါမည်။ တောင်တန်းသား အများစုမြန်မာပြည်မနှင့် ပူးပေါင်းလိုလျှင် ပူးပေါင်းပေးမည်။ တသီးတခြားနေလိုက တသီးတခြား နေခွင့်ပြုမည် ဟူ၍ အောင်ဆန်းအက်တလီ စာချုပ်တွင် ပါဝင်ချုပ်ဆိုခဲ့ရသော ပင်လုံပြည်ထောင်စုနေ့ ဖြစ်ပေါ်လာရသော လွတ်လပ်ရေး၏ ပထမဆုံးသော့ချက်ပင်တည်း။