လူ့အဖွဲ့အစည်းတစ်ခုဟာ မဟုတ်တာလုပ်တဲ့သူတွေကို ဒဏ်ခတ်နိုင်မှ လူတွေဟာ ယုံကြည်မှုရအောင် ကျင့်ကြံကြမှာပါ။ မဟုတ်တာလည်း လုပ်သေးတယ်၊ ဒဏ်ခတ်မခံရတဲ့အပြင် လုပ်ပိုင်ခွင့် သို့မဟုတ် တစ်စုံတစ်ရာ အရှိန်အဝါကြီးနေဆဲပဲ ရှိသေးတယ်ဆိုရင်တော့ လူတွေက မယုံကြည်တဲ့အပြင် ရွံ့ရှာမုန်းတီးစိတ်ပါပေါင်းပြီး အခွင့်ပေါ်တာနဲ့ ဆန့်ကျင်ကြမှာပါပဲ။