Annotation
ရေကြည်ရာ၊ မြတ်နုရာဆိုသည့် မြန်မာစကားရှိပါသည်။ လူတစ်ယောက်ဘဝရှင်နေထိုင်ဖို့ရာအတွက် ပိုမို၍အဆင်ပြေပြီး လွယ်ကူချော့မွေ့ရာအရပ်ဟု အနက်အဓိပ္ပာယ်ရပါသည်။ မည်သူမဆို ရေကြည်ရာ၊မြတ်နုရာအရပ်သို့ ရွှေ့ပြောင်းသွားတတ်ကြစမြဲ။ ကျွန်တော့မိတ်ဆွေ ကာတွန်းဆရာတစ်ယောက်ကတော့ စာပေဟောပြောပွဲ စက်မြင့်ပေါ်ကနေသည် ရေကြည်ရာ မြတ်နုရာဆိုသောကိစ္စကို မကြာခဏပြောတတ်ပါသည်။