ကလေးတွေကျောင်းမှာအောင်မြင်ဖို့နည်းလမ်းများ
Code
PWY-008
ISBN
PWY171025
Title
ကလေးတွေကျောင်းမှာအောင်မြင်ဖို့နည်းလမ်းများ
Category
Parental Manual
Price
3,000 MMK
Publisher
Pin War Yone Sar Pay

Annotation

မိဘတိုင်းဟာ သားသမီးတွေကို ထူးချွန်ထက်မြက်စေချင်သလို၊ ကျောင်းမှာလည်း အောင်မြင်စေချင်ကြတယ်။ အောင်မြင်စေချင်တာနဲ့ မပြီးပါဘူး။ အောင်မြင်အောင် လမ်းပြကူညီနိုင်ဖို့က အရေးကြီးပါတယ်။ တချို့မိဘတွေက သားသမီးကိုကူညီရင်း ဖိအားတွေ အတင်းပေးနေသလို ဖြစ်တတ်ပါတယ်။ တော်စေတတ်စေချင်တာကို ဦးစားပေးလွန်းတော့ ကလေးရဲ့ သဘာဝ၊ ကလေး ဘယ်လောက်လုပ်နိုင်တယ်ဆိုတာကို မေ့သွားတတ်ပါတယ်။ တစ်ချိန်လုံး စာ စာ ဖြစ်နေတော့ ကလေးဟာ အနားမရတော့ဘူး။ ကစားချိန်၊ ကစားခွင့် မရတော့ဘူး။ အဲဒီတော့ ကလေးတွေဟာ စာကို အီတောက်ပြီး ကြောက်တဲ့စိတ်၊ ရွံမုန်းတဲ့စိတ်တေွ ကိန်းအောင်းလာတတ်ပါတယ်။ ကိုယ်လက်လှုပ်ရှား ကစားခြင်းဟာ ကိုယ်ကာယဖွံ့ဖြိုးမှုအတွက်သာမက ကျောင်းသင်ခန်းစာတွေ ကောင်းစွာသင်ယူနိုင်ဖို့အတွက်လည်း အလွန်အရေးကြီးပါတယ်။

Keywords

Total View - 68

Related Books