ငါ ဘယ်သူလဲ
Code
HHTC-031
ISBN
_
Title
ငါ ဘယ်သူလဲ
Category
Deuteronomy
Price
6,000 MMK
Publisher
Htet Het Htun

Annotation

ဒီစာအုပ်ထဲမှာ ရေးသားထားတဲ့ Enneagram နည်းစနစ်ကို လေ့လာပြီးတော့ တစ်ချိန်တည်းမှာပဲ ကိုယ့်စိတ်ကို ကိုယ် သတိနဲ့ စောင့်ကြည့်တဲ့အလုပ်ကိုလုပ်မယ်ဆိုရင် ဒီလိုလုပ်တာဟာ ကိုယ်မသိလိုက်ပဲ ဖြစ်နေလေ့ရှိတဲ့ ကိုယ့်အကျင့်တွေ၊ သတိမပါ ဉာဏ်မပါ အလိုအလျောက် တုံ့ပြန်နေတာတွေကို မြင်တတ်အောင် အထောက်အကူပေးတာကို ရလာပါလိမ့်မယ်။ ကိုယ့်ရဲ့စရိုက်သဘာဝကို ထိုးထိုးထွင်းထွင်း ရှင်းရှင်းလင်းလင်းသိအေင် လုပ်နိုင်တာဟာ ဘဝမှာ အင်မတန်မှ အရေးကြီးပါတယ်။ ဒီလိုသိနိုင်မှသာ ကိုယ့်စရိုက်သဘာဝက ဘယ်လိုအရာတွေကို လုပ်နေတတ်သလဲဆိုတဲ့ ကိုယ့်ရဲ့လုပ်တတ်တဲ့ လုပ်နည်းလုပ်ဟန်၊ ကိုယ့်စရိုက်ကြောင့်ဖြစ်ပေါ်လာတဲ့ စိတ်ခံစားမျုတွေနောက်ကိုလိုက်ပြီး လုပ်လေ့ရှိတဲ့လမ်းကြောင်း၊ စတာတွေကို မြင်နိုင်လာမှာဖြစ်ပါတယ်။ ဒီလိုမြင်နိုင်မှသာ နိုးကြားလာမယ်။ စိတ်ဓာတ်နဲ့ အသိဉာဏ် ရင့်ကျက်လာမယ်။ နောက်ဆုံးမှာတော့ ကိုယ့်စရိုက် ကိုယ့်သဘာဝဆိုတာတွေကို လွန်မြောက်ပြီး "ငါ" ဆိုတာကို လွန်မြောက်သွားမယ်။ "ငါ" ဆိုတာကို လွန်မြောက်မှ အတ္တကင်းမယ်။ အတ္တကင်းမှ တကယ်စစ်မှန်တဲ့ လွတ်လပ်မှုကို ခံစားရရှိနိုင်မယ်။

Keywords

Total View - 694

Related Books