ဘဝဆိုတဲ့ကျောင်း
Code
HHTC-001
ISBN
_
Title
ဘဝဆိုတဲ့ကျောင်း
Category
Deuteronomy
Price
1,500 MMK
Publisher
Htet Het Htun

Annotation

သူတစ်ပါးမှာ အမှားတစ်ခုခု ချို့ယွင်းချက်တစ်ခုခုများတွေ့တဲ့အခါ ကိုယ့်မျက်နှာကို မှန်ထဲမှာကြည့်နေသလို သဘောထားပါ။ တကယ်တော့ အဆိုးတွေထဲက အမှားတွေထဲက ဒုက္ခတွေထဲကမှ တကယ်လေးနက်တဲ့ အသိဉာဏ်ကိုရတာပါ။ အလေးနက်ဆုံးအသိဉာဏ်ကို ဘဝအတွေ့အကြုံထဲကပဲ ရနိုင်တယ်။ စာအုပ်ထဲက မရနိုင်ဘူး။ ဘဝဟာ အလေးနက်ဆုံးစာအုပ်ပဲ။ အများအကျိုးကို တကယ်ထိထိရောက်ရောက် ဆောင်ရွက်နိုင်တဲ့လူဆိုတာ သူ့ကိုသူ လေးစားမှုရှိရမယ်။ တည်ကြည်ဖြောင့်မတ်မှုရှိရမယ်။ အများကိုလည်း လေးစားမှုရှိရမယ်။ အဲဒီလိုလူသာလျှင် အများအကျိုးကို တကယ်ဆောင်ရွက်နိုင်တဲ့သူ ဖြစ်တယ်။

Keywords

Total View - 118

Related Books