ကိုယ့်ကိုယ်ကိုယ်ကိုး တိုး၍သာဝင်
Code
WH-040
ISBN
_
Title
ကိုယ့်ကိုယ်ကိုယ်ကိုး တိုး၍သာဝင်
Category
Deuteronomy
Price
3,000 MMK
Publisher
Wisdom House

Annotation

အမေရိကန်စာရေးဆရာမ Sheryl Sandberg ရေးသားထားသည့် Lean In စာအုပ်ကို ဆရာမ နတ်မောက်အနီချိုက "ကိုယ့်ကိုယ်ကိုယ်ကိုး တိုး၍သာဝင်" အမည်ဖြင့် မြန်မာပြန်ဆိုထားခြင်း ဖြစ်သည်။ မူရင်းစာအုပ်သည် ကမ္ဘာတွင် အရောင်းရ အကောင်းဆုံး စာရင်းဝင်စာအုပ် ဖြစ်သည်။ နိုင်ငံတိုင်းတွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး နယ်ပယ်အသီးသီး၌ ခေါင်းဆောင်ကောင်းများ လိုအပ်နေသည်ကို ငြင်း၍မရချေ။ ဤစာအုပ်တွင် အထူးသဖြင့် အမျိုးသမီးများသည် အမျိုးသားများနှင့် တန်းတူတာဝန်ယူနိုင်ရေးကို အသိပညာပေးထားသည်။ စာရေးသူသည် အမျိုးသားတို့၏ တွင်ကျယ်နေမှုကို အာဃာတ မထား၊ အမျိုးသမီးများကို ရှေ့သို့လှမ်းရန် အားမာန်ပေးထားသည်။ အမျိုးသမီးများ မိမိကိုယ်မိမိ ယုံကြည်မှုရှိစေရန်၊ မိမိကိုယ်မိမိ အားထားစိတ်ဖြင့် နယ်ပယ်အသီးသီးသို့ ရဲရဲရင့်ရင့် တိုးဝင်ရန် တိုက်တွန်းပေးထားသည်။ ကမ္ဘာ့စီးပွားရေးလောကထဲသို့ တိုးဝင်အောင်မြင်နေသည့် အမျိုးသမီးတစ်ဦးက အမျိုးသမီးထု တစ်ရပ်လုံးအပေါ်ထားရှိသော စေတနာကိုလည်း ပေါ်လွင်စေသည်။ အိမ်ထောင်မှုကိစ္စအ၀၀ဖြင့် ကျင်လည်နေရသည့် အမျိုးသမီးဘဝ၊ အိမ်ထောင်တစ်ဖက်၊ တာဝန်တစ်ဖက် ထမ်းဆောင်နေရသည့် အမျိုးသမီးဘဝတို့ကို လမ်းဖွင့်ပေးသည့် စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါသည်။

Keywords

Total View - 124

Related Books