တကယ်လုပ်နိုင်တယ်
Code
SPKY-019
ISBN
_
Title
တကယ်လုပ်နိုင်တယ်
Author
Category
Deuteronomy
Price
2,800 MMK
Publisher
Sar Pay Khayee Twar Myar

Annotation

တကယ်လုပ်နိုင်တယ်ဟု အတိအလင်းဆိုနိုင်ခြင်းသည် လုပ်ရပ်တစ်ခု၏ ကောင်းခြင်းဆိုးခြင်းအပေါ် တည်မှီ၍ ယင်းစကားရပ်၏တန်ဖိုးသည်လည်း ကွဲပြားခြားနားပေလိမ့်မည်။ လူမှုအသိုက်အဝန်းတစ်ရပ်လုံး၏ အကျိုးကျေးဇူးကို ရှေ့ရှုလျှက် လူနေမှုဘဝများ အေးချမ်းစေရေး ကောင်းကြောင်းကောင်းရာ ဖော်ဆောင်နိုင်သော မည်သည့်လုပ်ရပ်ကို စွမ်းဆောင်သည်ပင်ဖြစ်စေ၊ ယင်းသည် အမှန်တကယ် ကောင်းကျိုးဆောင်နိုင်ကြောင်းကို ဂုဏ်ယူစွာ ဖော်ပြအပ်သည့် စကားရပ်အဖြစ် ကိုယ်စားပြုနိုင်ပေလိမ့်မည်။ ယင်းသို့မဟုတ်မူဘဲ လူသူအများ ဆင်းရဲပွားစေရန် ဒုက္ခများစေရန်အရေး ကိုယ်ရောစိတ်ပါ ရှေ့ရှုဆောင်ရွက်နေသမျှ အသက်အိုးအိမ်ကို ခြိမ်းခြောက်သတ်ဖြတ်နေမှု မှန်သမျှသော လုပ်ရပ်တို့အတွက် တကယ်လုပ်နိုင်တယ်ဟု ကြွေးကြော်လာပါလျှင်မူ ယင်းသည် မလိုလားအပ်သော စကားရပ်အဖြစ် ကမ္ဘာ့အသိုက်အဝန်းက ဝိုင်းဝန်းရှုတ်ချကြရပေလိမ့်မည်။

Keywords

Total View - 43

Related Books