Annotation
စကားပြေအရေးအသားအရ လေ့လာဖွယ်စာမွန်များ စုစည်းမှုတစ်ခုထုတ်ဝေရန် ပထမဆုံး စီစဥ်စဥ်းစားကြသည့်အခါ မိမိတို့ငယ်စဥ် အခြေခံပညာအတန်းများမှစ၍ ယခင်ခေတ် ယနေ့ခေတ် တက္ကသိုလ်မြန်မာစာသင်ရိုးများအထိ မြန်မာစာကျွမ်းကျင်ပညာရှင်ကြီးများ ရွေးထုတ်ပြဌာန်းပို့ချပေးခဲ့သော စကားပြေလက်ရာများကိုသာ စွဲစွဲထင်ထင် မှတ်မှတ်ရရ ရှိနေကြဆဲ စိတ်အခံတို့ကြောင့် ယခုထုတ်ဝေမှုတွင် အဆိုပါစကားပြစာအုပ်များမှ ပြန်လည်စုစည်းကာ စာရေးဆရာ ၁၀၀ ၏ စကားပြေ ၁၀၀ ကို ထုတ်ဝေလိုက်ခြင်းဖြစ်ပါသည်။