Annotation
ကျုပ်တို့ခေတ်က ဇာတ်စာမှမတတ်ဘဲနဲ့ ဇာတ်ခုံပေါ်တက်ရင် ခြောက်ပြားတောင် မရနိုင်ဘူး။ ပြက်လုံးဆိုတာ သမားစဥ်က ကူးချနေတာချည်းလည်း မကောင်းဘူး။ လူရွှင်တော်တစ်ယောက်ရဲ့ ဝါယမစိုက်ထုတ်မှုဆိုပြီး စာအုပ်ထဲက ကူးချနေတာတွေကလည်း မကောင်းဘူး။ လက်ဖက်ရည်ဆိုင်ကလည်း ရချင်ရတာပါ။ အကောင်းဆုံးကတော့ လောကထဲကရတဲ့ပြက်လုံးဟာ ပိုကောင်းတတ်ပါတယ်။ ပြက်လုံးဆိုတာ လောကကိုထင်ဟပ်နိုင်မှ တန်ဖိုးရှိပါတယ်။ သဘသည်ဆိုတာ အမြင်နိမိတ်၊ အတိတ်လက်ဆောင်၊ အသံတဘောင်တဲ့၊ မင်္ဂလာမရှိတာ မပြောရဘူး။ ကျက်သရေရှိတာကိုပဲ ပြောရတယ်။ ကျွန်တော်တို့ခေတ်က လူရွှင်တော်အချင်းချင်း ကြီးစဥ်ငယ်လိုက် ရိုသေခဲ့ကြရပါတယ်။ ဆရာကခေါ်ရင် ရက်မခြားရဲပါဘူး။ ချက်ချင်းသွားရတာပါ။ ဆရာကမဏ္ဏပ် ဖိနပ်ချွတ်ခဲ့ရင် ကောက်ကိုင်ရတာလေ၊ လင်မယားရန်ဖြစ်လို့ မိန်းမက ဆရာ့သွားတိုင်ရင် ဆရာက လာရိုက်သေးတာပါ။