ကျိန်စာနှင့် ရသစာတမ်းများ
Code
QPH-108
ISBN
_
Title
ကျိန်စာနှင့် ရသစာတမ်းများ
Category
Literary Culture
Price
1,500 MMK
Publisher
Quality Publishing House

Annotation

ဓမ္မဒူတ ဘာသာရေးစာစောင်တွင် ရေးသားသောစာများ ဖြစ်သော်လည်း မကျေနပ်မှု ခံစားချက်များက လွှမ်းမိုးနေပါသည်။ ကိုယ့်မိသားစုတစ်စုတည်းအတွက် အေးချမ်းစွာ နေနိုင်သော်လည်း အစစအရာရာ အောက်ကျနောက်ကျဖြစ်နေသော တိုင်းပြည်အတွက် စိုးရိမ်ပူပန်အားမရမှုများက နေ့စဉ်လိုလို ခံစားနေရပါသည်။ ၂၀၁၅ ခုနှစ် အာဏာလုပွဲနှင့်အတူ နယ်ပယ်အသီးသီးက ပဲ့တင်လာသော အသံများ က မိမိ၏ စိတ်မျက်စိ၊ စိတ်နားတွင် ရိုက်ခတ်လာသည်။ ပြည်သူတို့နှင့် ထပ်တူထပ်မျှ ခံစားရေးသားရသော စာတို့တွင် မရိုးသားသူတို့အပေါ် ဒေါသသံကဲနေမည်မှာ သေချာပါသည်။ သို့သော် မတတ်နိုင်။ စိတ်ထဲကလာသည့်အတိုင်း ရေးသားမိသဖြင့် တစ်စုံတစ်ရာလည်း တွေးမကြောက်တော့။ ထို့ကြောင့် စာအုပ်ခေါင်းစဉ်ကို ကျိန်စာနှင့် အခြားရသစာတမ်းများဟု ရဲရဲတပ်လိုက်ပါသည်။

Keywords

Total View - 58

Related Books