ဖာတစ်လုံးခေါင်းကျား
Code
SKCC-043
ISBN
_
Title
ဖာတစ်လုံးခေါင်းကျား
Category
Literary Culture
Price
2,000 MMK
Publisher
Sake Ku Cho Cho Sar Pay

Annotation

ဗိုလ်ထု၊ လူ့အင်္ဂါနှင့် ပြည့်စုံသောသူသည် ကောင်းစားလေ မာနရောင်မှိန်လေ ဖြစ်ချေသည်။ လူသည် သူတစ်ပါး၏ အပြစ်ကိုထက် မိမိ၏ ပြစ်မှုကိုပို၍ ရှုရမည်။ သူတစ်ပါးကို ပြစ်မှုအတွက် ပြစ်ဒဏ်မပေးမီ၊ မိမိကိုယ်မိမိ အရင်တင်ကူး ပြစ်ဒဏ်ပေးရမည်။ နံနက်လင်းအရုဏ်နှင့်တွဲ၍ ငါ့ကျေးဇူးရှင်သည် ဘယ်မှာလဲ၊ ကျေးဇူးရှင်အား ဘယ်လိုကျေးဇူးပြုရပါမည်နည်း။ သူတစ်ပါး၏ အကျိုးကို မည်ကဲ့သို့ ဆောင်ရွက်ရမည်နည်းဟု မျက်နှာသစ်ရေကျရမည်။ ညအိပ်ယာဝင်သောအခါ ငါကျေးဇူးဆပ်၍ ကုန်ခဲ့ပြီလော။ သူတစ်ပါး ကောင်းစားရန် ဆောင်ရွက်ဖို့ ငါ့အချိုးစားနှင့်အညီ မည်သည်များ ကျန်ပါသနည်းဟု အာရုံပြုလျက် ခေါင်းချလော့။ တစ်နေ့လုံးလည်း သူတစ်ပါး၏ အပြစ်ထောင်သောင်းကို သတိမမူဘဲ တစ်ခုတလေ အကျိုးကိုရှာလျက် သူတစ်ပါး၏ ကျေးဇူးူကိုဆောင်ရွက်၍ ငါသည် အခါခပ်သိမ်း တိုင်းပြည်ဝန်ထမ်း၊ သူ၏ ဝန်ထမ်းပါတကားဟု အလုပ်လုပ်ခြင်းသည်သာလျင် တိုင်းသူပြည်သားကောင်းထဲတွင် ပါဝင်လျက် တိုတိုင်းပြည် ထိုလူမျိုးသည်သာလျင် ကမ္ဘာ့ထိပ်တန်းတွင် တည်နေပါလတ္တံ့။

Keywords

Total View - 348

Related Books