ဤဝတ္ထုဇာတ်ကောင်များသည် အာဖရိကတိုက်သားများ ဖြစ်ကြသည်။ သူတို့သည် ငယ်ခါငယ်ဓလေ့၊ ကြီးခါကြီးဓလေ့ ပျော်မွေ့စွာ နေထိုင်ခဲ့ကြသည်။ သို့သော်လည်း လူလူချင်း အနိုင်အထက် ကျွန်ပြုသည့်စနစ်ဆိုးကြီး အာဖရိကတိုက်သို့ ကျရောက်လွှမ်းခြုံလာသောအခါတွင်မူ ငြိမ်သက်အေးချမ်းသော သူတို့၏ဘဝများသည် စိတ်ထိခိုက်သွေးပျက်ဖွယ်အတိ မုန်တိုင်းကျခဲ့ရတော့သည်။ ဤစာအုပ်က စာဖတ်သူအား အာဖရိကသားတို့၏ ကြမ်းတမ်းခက်ထန်လှသည့်ဘဝကို ရင်တနင့်နင့်၊ ရင်တနာနာဖြင့် မျှဝေခံစားစေနိုင်ပါလိမ့်မည်။