Annotation
ဤဝတ္ထုတွင် တဂိုးသည် ဗြိတိသျှလက်အောက်ခံ အိန္ဒယနိုင်ငံ၏ ဖိနှိပ်ခံရမှုကိုနောက်ခံပြု၍ လူ့သဘော၊ လူ့သဘာဝကိုလည်းကောင်း၊ ယောကျ်ားတို့၏ သဘောသဘာဝကိုလည်းကောင်း၊ မိန်းမတို့၏ သဘောသဘာဝကိုလည်းကောင်း ပီပြင်စွာ သရုပ်ဖော်ရေးသားခဲ့သည်။ ဘဝအမြင်၊ သတိတရားတို့ကိုလည်း ဖော်ပြခဲ့သည်။ ထို့ပြင် လောက၌ လူသည် အမှားတစ်ခုကို ကျူးလွန်မိပါက ထိုအမှားကိုသိရှိသောအခါ ထပ်မံမကျူးလွန်မိရန်လည်း သတိပေးတင်ပြထားသည်။