Annotation
"ကွိ" ဟာ ကျွန်တော့်ရဲ့ သမ္မာကျမ်းစာလို စာအုပ်ဖြစ်ခဲ့တယ်။ ကျွန်တော်ကိုးကွယ်တဲ့ သတင်းစာဆရာကြီး ဂျာနယ်ကျော်ဦးချစ်မောင်သာမက အခြားအခြား ဆရာ့ဆရာတွေရဲ့ ကိုးကွယ်ရာစာအုပ်အဖြစ် ကျွန်တော်က မှတ်ယူထားခဲ့တယ်။ ဆရာ့ဆရာ သမ္မာကျမ်းစာဆိုတော့ ကျွန်တော့်ရဲ့ကျမ်းစာလည်း ဖြစ်လာခဲ့တာပေါ့။ အပြင်းစားအကြိုက်နဲ့ "ကွိ" ကို ကြိုက်ခဲ့တယ်ဆိုပါတော့။