Annotation
အတိုက်အခံရှိရင်ပျော်တယ်။ ကိုယ့်ထက် တန်ခိုးအရှိန်အဝါ ဩဇာရှိတဲ့သူတွေနဲ့ ရင်ဆိုင်ဖြေရှင်းရတာ ပိုကြိုက်တယ်။ ဒါပေမယ့် ကိုယ်ကစပြီး အတိုက်အခံ အဆန့်အကျင်မပြုပါ။ ရှုံးနိမ့်ရင်လည်း နစ်နာတယ် ဝမ်းနည်းစရာလို့မထင်ပါ။ လက်အောက်ငယ်သားကို မတိုက်ခိုက်ပါ။ မတူတဲ့အယူအဆကြောင့် အပြစ်ပေးအရေးယူတာမျိုး ကိစ္စရပ်တိုင်းကို ကိုယ်ပိုင်ဉာဏ်နဲ့ စဥ်းစားဆုံးဖြတ်တယ်။ ဩဇာအာဏာ အရှိန်အဝါသက်ရောက်မှုကို မခံယူပါ။ လုပ်ငန်းခွင်မှာရော နေအိမ်မှာပါ ကိုယ်နဲ့အတူနေသူများကို ကိုယ့်ကြောင့် စိတ်ဆင်းရဲမှုမဖြစ်ရအောင် သတိပြုနေထိုင်ပါတယ်။