ရှေးမွန်အမျိုးသားများသည် လယ်ယာကိုင်းကျွန်းကိုသာ လုပ်ကိုင်စားသောက်သူများဖြစ်ကြသည်။ ထို့ကြောင့် အိမ်ထောင်ရေးတွင် ဤလုပ်ငန်းကိုအခြေခံပြီး စဥ်းစားကြရသည်။ နှီးဖြာခြင်း၊ နှီးထိုးခြင်း၊ တောင်းပလုံးရက်ခြင်း စသည့် ဝါးကိုနိုင်နိင်းစွာ ကိုင်တွယ်လုပ်ကိုင်တတ်ခြင်းသည်လည်း လယ်ယာလုပ်ငန်း၏ တစ်စိတ်တစ်ဒေသဖြစ်၍ သမက်လောင်းရွေးရာတွင် ဤစာမေးပွဲဖြင့် အကဲခတ်ကြခြင်းဖြစ်သည်။