ကရင်ပုံပြင်များမှာ ဟာသများအလွန်ပေါတာကို တွေ့ရပါတယ်။ ကရင်လူမျိုးမှာ ပွင့်လင်းကြတယ်၊ ဟာသပေါပြီး စိတ်ကူးဉာဏ်ကောင်းကြတယ်ဆိုတာကို ဒီစတုတ္ထတွဲမှာပါတဲ့ ပုံပြင်များအရ အများကြီးသိနိုင်ပါတယ်။ စကားများကို ကြံကြံဖန်ဖန် တီတီထွင်ထွင်ပြောတတ်ကြပုံများကို "စကားပြောကောင်းသူ"ဆိုတဲ့ စကောကရင်ပုံပြင်လေးက သက်သေပါ။