Annotation
မိုးလေဝသ (Weather) ဆိုသည်မှာ နေရာတစ်နေရာနှင့် အချိန်တစ်ချိန်တွင်ရှိနေသည့် ပတ်ဝန်းကျင်လေထုအခြေအနေဖြစ်ပြီး နာရီနှင့်အမျှ၊ တစ်မြို့နှင့်တစ်မြို့မတူ ပြောင်းလဲနေပါသည်။ ပြောင်းလဲနေသော မိုးလေဝသအခြေအနေများသည် လူတို့၏ နေ့စဥ်ဘဝနှင့် နေထိုင်မှုအပေါ်တွင် များစွာအကျိုးသက်ရောက်ပါသည်။ မြန်မာနိုင်ငံရာသီဥတုအကြောင်း သိကောင်းစရာ၊ မုန်တိုင်းများအကြောင်း သိကောင်းစရာအပါအဝင် မိုးလေဝသနှင့်ဆိုင်သော သိပ္ပံလက်တွေ့ စမ်းသပ်ချက်များကို အပြည့်အစုံဖော်ပြထားသည်။