Annotation
ဆရာမကြီး၏ ကလေးကဗျာများမှာ ကလေးများ နားဝင်ပီယံဖြစ်သော ကာရန်အစပ်အဟပ်ဖြစ်ခြင်း၊ ကလေးများအနေဖြင့် အဓိပ္ပါယ်ကို မှန်းဆနိုင်ခြင်း၊ ကလေးများအား အစွမ်းထက်လာအောင် "တက်စိတ်" မွေးမြူပျိုးထောင်ပေးခြင်း၊ အကောင်းဘက်သို့ ရှေးရှုသော စိတ်နေသဘောထားနှင့် အသိပညာပေးခြင်း၊ ပုခက်တွင်းကလေးကို အိပ်ပျော်အောင် ချော့သိပ်ရာတွင် အိပ်မက်ကောင်းလေးများနှင့်အတူ အိပ်ပျော်စေခြင်းဟူသော ကလေးခံစားရနိုင်သော သုတရစုံကို ပေးစွမ်းနိုင်သော ကဗျာများဖြစ်သည်ဟု ဆိုချင်ပါသည်။