Annotation
သွားသည် ပါးစပ်တွင်း (ခံတွင်း) ၌ရှိသော ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုဖြစ်သည်။ ခန္ဓာကိုယ်တွင် အမာဆုံးသော အစိတ်အပိုင်းတစ်ခုလည်း ဖြစ်သည်။ အစာကို ကြေညက်စေရန် ကြိတ်ဝါးချေဖျက်ရာတွင် အဓိက အသုံးဝင်သည်။ သွားသည် မျက်နှာအလှကို ပံ့ပိုးပုံဖော်ပေးသည်သာမက၊ စကားပြောသည့်အခါ အသံထွက်ပီသအောင်လည်း အထောက်အကူပြုသည်။