Annotation
မော်ဒန်ကဗျာဆိုသည်မှာ မိုးပေါ်ကကျလာသောအရာမဟုတ်ဘဲ အဆင့်ဆင့်ပြောင်းလဲလာသော စာပေသမိုင်းဆိုင်ရာ ဖြစ်ထွန်းမှုတစ်ခုဟု ကျွန်တော်ယုံကြည်ပါသည်။ ကျွန်တော်ယုံကြည်သလို မော်ဒန်ကဗျာကို စိတ်ဝင်တစားရှိသော လူငယ်များကိုလည်း ယုံစေချင်သည်။ တတ်စွမ်းသမျှဖြင့်ပင် အားထုတ်ရေးသားရန် ပြင်ဆင်ခဲ့ပါသည်။ တတ်စွမ်းသမျှဆိုသောစကားအတိုင်း ကျွန်တော့်တွင်မရှိသော တခြားအစွမ်းအစများထက် အနှစ်သုံးဆယ်ကျော် ကဗျာလောကကို စဥ်ဆက်မပြတ် ထိတွေ့ဖြတ်သန်းလာခဲ့သော ကျွန်တော်၏ ကိုယ်ပိုင်အတွေ့အကြုံကို အဓိကအားပြုခဲ့ကြောင်း ရိုးသားစွာ ဝန်ခံလိုပါသည်။