Dr. Thant Thaw Kaung or Businessman in the Book World

03314-dr.ttk.png

Myanmar B2B Management Magazine ရဲ့ ဒီလ "မြန်မာ့စီးပွားထူးချွန်သူများနှင့် တွေ့ဆုံခြင်း" အစီအစဉ်မှာတော့ ဆရာကြီးပါမောက္ခဒေါက်တာ အောင်ထွန်းသက်က Myanmar Book Centre ရဲ့ CEO ဒေါက်တာသန့်သော်ကောင်းနဲ့ တွေ့ဆုံမေးမြန်းသွားမှာဖြစ်ပါတယ်။ ဒီအစီအစဥ် ကို B2B ရဲ့ ပရိသတ်တွေအပြင် ဆရာကြီးရဲ့ပရိသတ်တွေပါ အဆင်ပြေစွာ ကြည့်ရှုနိုင်စေရန် Myanmar B2B Management Magazine Page အပြင် ဆရာကြီးပါမောက္ခဒေါက်တာအောင်ထွန်းသက်ရဲ့ Facebook Page ဖြစ်တဲ့ Dr Aung Tun Thet ကနေလည်း တင်ဆက်ပေးလိုက်ပါတယ်။ မြန်မာနိုင်ငံရဲ့ ပညာရေးဆိုင်ရာစာအုပ်တွေ ဦးဆောင်တင်သွင်းဖြန့်ချိနေတဲ့ လုပ်ငန်းကြီးတစ်ခုဖြစ်တဲ့ Myanmar Book Centre ရဲ့ တည်ထောင်သူနဲ့ CEO နိုင်ငံတစ်ဝန်း ပြည်သူပိုင်စာကြည့်တိုက်၊ရပ်ရွာစာကြည့်တိုက် ၂၁၀ ကျော်နဲ့ ကျောင်းစာကြည့်တိုက် ပေါင်းသုံးရာကျော်ကို အထောက်အပံ့ပေးနေတဲ့ Myanmar Book Aid and Preservation Foundation ရဲ့ တည်ထောင်သူ American Publishers Association ကချီးမြှင့်တဲ့ Jeri Laber’s International Freedom to Publish Award နဲ့ Asian Festival of Children Content ကချီးမြှင့်တဲ့ Advocate of Book Award ရရှိထားသူ စာအုပ်စာပေပညာရေးဝန်ဆောင်မှုမှသည် ဒစ်ဂျစ်တယ်ပညာရေးဝန်ဆောင်မှုအထိ ပညာရေးကဏ္ဍအတွက် ဆန်းသစ်လုပ်ဆောင်နေသူ ဒီလို စာအုပ်စာပေနဲ့ ပညာရေးဆိုင်ရာဝန်ဆောင်မှုတွေနဲ့ အောင်မြင်မှုတွေရရှိနေတဲ့ Myanmar Book Centre ရဲ့ တည်ဆောင်သူနဲ့ CEO ဒေါက်တာသန့်သော်ကောင်းရဲ့ ဘ၀နဲ့ စီးပွားရေးဇာတ်လမ်းကို ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်က အခုလို တွေ့ဆုံမေးမြန်းထားပါတယ်။ ဤအစီအစဉ်ကို Title Sponsor အဖြစ် ကူညီပံ့ပိုးပေးပါသော OK Dollar နှင့် Co-sponsor များအဖြစ်ကူညီပံ့ပိုးပေးပါသော Designer Water ဒီဇိုင်းနာ သောက်ရေသန့် ၊ Speed Energy Drink တို့အား ကျေးဇူးအထူးတင်ပါသည်။

ဗွီဒီယိုဖိုင်လေးကို အောက်ကလင့်ခ်တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်. . .

ဒေါက်တာသန့်သော်ကောင်း (သို့မဟုတ်) စာအုပ်ကမ္ဘာထဲက စီးပွားရေးလုပ်ငန်းရှင် - YouTube