လွှမ်းမိုးခံရသူလေး
Code
TRUE-042
ISBN
9780593924259
Title
လွှမ်းမိုးခံရသူလေး
Category
Primary 1
Price
2,500 MMK
Publisher
TRUE'S LEARNING

Annotation

ကျွန်မတို့ကလေးတွေဆိုတာ သူတို့ကိုယ်တိုင်ချမှတ်တဲ့ ဆုံးဖြတ်ချက်အတိုင်း သူတို့ရှေ့လျှောက်ရမယ့်ဘဝကို ပုံဖော်ရမယ့်လူတွေပါ။ အမှန်တော့ ကိုယ့်ကလေးတွေကို အရာရာကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ ရှင်သန်တတ်ဖို့သင်ပေးရင် အကျိုးကျေးဇူးတွေ အများကြီးရှိနိုင်ပါတယ်။ အဲ့ဒီလို ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေ မှန်ကန်သွားတဲ့အခါမျိုးမှာ သူတို့ဘဝလေးတွေ ပိုပျော်စရာကောင်းပြီး ပိုကောင်းမွန်သွားတတ်ပါတယ်။ ယုံကြည်မှုလည်း ပိုရှိလာတယ်လေ။ အဲ့ဒါကြောင့် ကိုယ့်ရင်သွေးလေးတွေ ငယ်ရွယ်စဥ်ကတည်းက သူများလွှမ်းမိုးမှုမရှိအောင် အရာရာကိုယ့်ကိုယ်ကိုယ်ပဲ အားကိုးဖို့ ခုချိန်ကနေစပြီး ဖေဖေမေမေတို့က သင်ပေးရမှာပါ။ မိဘဆိုတာက သူတို့ဘာသာဆုံးဖြတ်ဖို့ ဘေးကနေ နည်းနည်းပါးပါး တည့်မတ်ပေးပြီး ဘယ်ဟာကတော့ ကောင်းတယ်ဆိုးတယ်ဆိုတာ သေချာရှင်းပြပေးရင် သူတို့ဆုံးဖြတ်ချက်နဲ့သူတို့ ယုံကြည်မှုအပြည့်ရှိတဲ့ လူငယ်တွေဖြစ်လာမှာပါ။

Keywords

Total View - 150

Related Books