သူရဲကောင်း
Code
SKCC-314
ISBN
9789997110077
Title
သူရဲကောင်း
Category
Biography
Price
2,000 MMK
Publisher
Sake Ku Cho Cho Sar Pay

Annotation

ပြင်သစ် ပြုပြင်တော်လှန်ရေးသမားကြီး အောဂတ်(စ်)ဘလင်ကီရဲ့ အတ္ထုပ္ပတ္တိ စာအုပ်ပါ။ အောဂတ်(စ်)ဘလင်ကီရဲ့ဖခင် ဂျက်ဘလင်ကီကလည်း နိုင်ငံရေးသမားပဲ ဖြစ်ပါတယ်။ အောဂတ်(စ်)ဘလင်ကီဟာ နိုင်ငံရေးစတင်ပြီး လုပ်ဖို့ကြံရွယ်စဥ်ကတည်းက အစားအသောက်၊ အနေအထိုင်တွေကို ခံနိုင်ရည်ရှိအောင် လေ့ကျင့်ထားသူပါ။ တကယ်လည်း ထောင်ဒဏ်နှစ်ရှည်လများ ချုပ်နှောင်ခံရတဲ့အခါ လောက်တက်နေတဲ့ အမဲသားဟင်းနဲ့ အေးလိုက် ပူလိုက် အခန်းတွင်းတွေထဲမှာနေထိုင်ရင်းနဲ့ ကြံ့ကြံ့ခိုင်နိုင်ခဲ့သူ ဖြစ်ပါတယ်။ အောဂတ်(စ်)ဘလင်ကီဟာ ၁၈၂၆-၁၈၆၀ ခုနှစ်အတွင်း ပြင်သစ်နိုင်ငံရေးကို ဖြတ်သန်းခဲ့ရသူဖြစ်ပြီး အဲဒီအချိန်က ဘုရင်စနစ်နဲ့ သမ္မတနိုင်ငံတို့ရဲ့စနစ်တို့ အာဏာလုနေကြတဲ့အချိန်ပါ။ သမ္မတနိုင်ငံဘက်တော်သားတွေဟာ ချမ်းသာဆင်းရဲ လူတန်းစားညီမျှချင်ကြတယ်။ ဒီတော့ သူရဲကောင်းအစုအဖွဲ့တွေ စုဖွဲ့ပြီး တော်လှန်ကြတယ်။ ဒါပေမယ့် နှိမ်နင်းဖြိုခွင်းလိုက်တဲ့အခါ သေဒဏ်အပေးခံရသူ ပေးခံရ၊ ထောင်ဒဏ် အပြစ်ပေးခံရသူ ပေးခံရ ပြိုကွဲသွားကြပြန်တယ်။ အောဂတ်(စ်)ဘလင်ကီဟာ ဖမ်းဆီးခြင်း၊ ထောင်ကျခံခြင်း အကြိမ်ကြိမ်ခံခဲ့ရပေမယ့် လွတ်မြောက်လာတာနဲ့တစ်ပြိုင်နက် သူဟာ ပြုပြင်တော်လှန်ရေးကို ဆက်တိုက်ပြုလုပ်ပြန်တော့တာပါပဲ။ နောက်ပိုင်းလေ့လာသူတွေက အောဂတ်(စ်)ဘလင်ကီရဲ့ တော်လှန်ရေး မအောင်မြင်ဖြစ်ရခြင်းဟာ အလုပ်သမား၊ ပြည်သူတွေပါဝင်အောင် မစည်းရုံးနိုင်လို့ဆိုပြီး သုံးသပ်ကြတယ်။ ၁၈၇၉ ခုနှစ်မှာ ဘော်ဒိုမြို့ရဲ့ ကိုယ်စားလှယ်အဖြစ် အရွေးခံရပြီး ၁၈၈၁ ခု ၇၆ နှစ်အရွယ်မှာ အောဂတ်(စ်)ဘလင်ကီ ကွယ်လွန်ခဲ့ရှာတယ်။

Keywords

Total View - 71

Related Books