မန္တလေးသူမန္တလေးသားများ
Code
LDP-026
ISBN
_
Title
မန္တလေးသူမန္တလေးသားများ
Category
Biography
Price
3,500 MMK
Publisher
LuDu Sarpay

Annotation

မန္တလေးဆိုတာ မြန်မာဘုရင် နောက်ဆုံးနန်းစိုက်ခဲ့တဲ့ မြို့ဖြစ်လို့ နန်းမူနန်းရာ၊ ယဉ်ကျေးမှုရေးရာတွေကို ထိတွေ့နိုင်ပါသေးတယ်။ ဒီလိုဝန်းကျင်မှာ ရှင်သန်လှုပ်ရှားကြတဲ့ မန္တလေးသူ မန္တလေးသားဆိုတာကလည်း ယဉ်ကျေးသိမ်မွေ့ခြင်းတွေ အမှတ်ထားလောက်စရာ ဓလေ့စရိုက်တွေ ရှိနေကြတယ်ဆိုတာ အသေအချာပါပဲ။ အတိတ်ဆိုတိုင်း လွမ်းဆွေးရတာမဟုတ်ပေမဲ့ မန္တလေးရင်ငွေ့ပေးပြီး ရှင်သန်ကြီးပြင်းခဲ့တဲ့ ကျွန်တော်တို့ရှေ့က မန္တလေးသူ မန္တလေးသားကြီးတွေကတော့ အခုတွေးမိတိုင်း အခုလွမ်းရတာမျိုးပါ။ တကယ်တော့ ဒီလိုလွမ်းစိတ်ဖြစ်ဖို့ဆိုတာကလည်း အမေလူထုဒေါ်အမာရဲ့ မန္တလေးသူ မန္တလေးသားစာအုပ်ထဲက အရေးအသားတွေဟာ အဓိက လှုံ့ဆော်ခဲ့တာပါပဲ။

Keywords

Total View - 103

Related Books