အညတရမှတ်တမ်း
Code
KKWY-064
ISBN
_
Title
အညတရမှတ်တမ်း
Category
Biography
Price
6,000 MMK
Publisher
Kant Kaw Wutt Yee

Annotation

ကျွန်တော်သည် ၅၁ သန်းကျော်ပြည်သူထဲမှ သာမန်အညတရ ပြည်သူတစ်ယောက် ဖြစ်ပေသည်။ ထို့ကြောင့် ကျွန်တော့် အကြောင်းကို ကွျွန်တော်ဘဝအတ္ထုပ္ပတ္တိ ကိုယ်တိုင်ရေးသောအခါ တိုင်းပြည်ခေါင်းဆောင်လည်းမဟုတ်၊ celebrity လည်းမဟုတ်၊ အားကစားအကျော်အမော်လည်း မဟုတ်၊ နိုင်ငံရေးခေါင်းဆောင်လည်းမဟုတ်သဖြင့် " အညတရ မှတ်တမ်း" ဟုသာ အမည်ပေးလိုက်ရပါသည်။ ဤစာများကို ရေးသားရာတွင် ကျွန်တော့၌ အကြောင်းပြချက်တစ်ခုသာရှိသည်။ ၎င်းမှာ မရေးရမနေနိုင်သော စာပေပိုးက တောင်းဆိုသဖြင့် ကျွန်တော်အသက်ထင်ရှားဖြတ်သန်းခဲ့သော ခေတ်ကာလတစ်ခုကို နောက်လူတို့သိအောင် မှတ်တမ်းတင်ခဲ့ချင်သောစိတ်ဖြစ်သည်။ ကျွန်တော့ခေတ်တွင် ကျွန်တော်မြင်ခဲ့ရသမျှ မခြွင်းမချန် ထုတ်ဖော်ရေးသားခဲ့ပြီးဖြစ်သည်။

Keywords

Total View - 108

Related Books